Posts

THE NOBLE EIGHTFOLD PATH

Image
1.Right Understanding (Samma ditthi) 2.Right Thought (Samma sankappa) 3.Right Speech (Samma vaca) 4.Right Action (Samma kammanta) 5.Right Livelihood (Samma ajiva) 6.Right Effort (Samma vayama) 7.Right Mindfulness (Samma sati) 8.Right Concentration (Samma samadhi) #Gautama_Buddha (practice)

Mahasi Meditation Center

ကိစ္စမများ စကားနည်းစေ၊ အိပ်နေမှုနည်း ကိုယ်တည်းပျော်လေ။ ရောနှောမပြု ချဲ့မှု့ရှောင်သွေ၊ အသေကောင်းဖို့ အကြောင်းဂုဏ်ခြောက်ထွေ။ ကိစ္စမများ စကားနည်းစေ၊ အိပ်နေမှုနည်း ကိုယ်တည်းပျော်လေ။ ဆုံးမလွယ်ကြောင်း မိတ်ကောင်းရှိစေ၊ မဆုတ်ရေး အားပေးဂုဏ်ခြောက်ထွေ။ Mahasi Sayadaw U Sobhana https://goo.gl/maps/27Yofvvk7KR2

May Shin - Greatest Hits (1930s - 1960s)

Image

❤️ အချစ်အဘိဓမ္မာ ☸️

* နှစ်ဆယ်အကျော်မှာ မြင်ရင် မြင်တယ်ထား ကြားရင် ကြားတယ် ကြားတယ် သိမှတ်ပြီး နှာဖျားတိုးထိ၊ သတိချပ်ကာ အာရုံတစ်ပါး၊ မသွားစေရာ ဝိပဿနာ ပွားသလို တရားနဲ့လည်း မရှုနိုင်ပြီ။ သူ့ကိုမြင် သူ့အသံကြားပြန်တော့ ကြားယောင်ရင် နားထောင်တုန်းလိုပဲ ရင်ထဲမှာ ထာဝစဉ်သစ် လွမ်းဖြစ်ပါသည်။ ။ 《 သုတဖြိုး 》14.1.2017 #21  Thuta PhYO

☸️ယေဓမ္မာ ဟေတုပ္ပဘဝါ

ယေဓမ္မာ ဟေတုပ္ပဘဝါ တေသံ ဟေတုံ တထာဂတော အာဟ။ တေသဉ္စ ယောနိရောဓေါ ဧဝံ ဝါဒီ မဟာသမဏော။ ( အရှင်အဿဇိမထေရ် ) ယေဓမ္မာ - အကြင်အကျိုးတရား "ဒုက္ခသစ္စာ" တို့သည် ဟေတုပ္ပဘဝါ - အကြောင်းတရား တဏှာဟူသော "သမုဒယသစ္စာ" တို့ကို အခြေခံကာ ဖြစ်ပေါ်၍ လာကြကုန်၏။ တေသံ - ထိုအကျိုးတရားတို့၏ ဟေတုံ - အကြောင်းစစ် အကြောင်းမှန်ကို တထာဂတော - မြတ်စွာဘုရားသည် အာဟ - ဟောတော်မူ၏ ။ တေသဉ္စ - ထိုအလုံးစုံသော တရားတို့၏ နိရောဓော - အကြောင်း (သမုဒယသစ္စာ) တရားတို့၏ ချုပ်ငြိမ်းရာ "နိရောဓသစ္စာ"၊ ချုပ်ငြိမ်းကြောင်း "မဂ္ဂသစ္စာ" ကိုလည်း တထာဂတော - မြတ်စွာဘုရားသည် အာဟ - ဟောတော်မူ၏ ။ မဟာသမဏော - ရဟန်းမြတ်ဖြစ်တော်မူသော မြတ်စွာဘုရားရှင်သည် ဧဝံ ဝါဒီ - ဤသို့ အယူရှိတော်မူ၏။ အရှင်အဿဇိ ရဟန္တာအရှင်မြတ်

At Taxila

~ တက္ကသီလာ ပုရဝဏ်မှာ ပညာနို့ရည် သောက်စို့နေရင်း  သူငယ်ချင်းလေး ပျော်ပျော်ရွှင်ရွှင် စာသင် နေတာကို မြင်ရ ကြားရ တွေ့ရ ပြန်တော့ ဝမ်းသာပီတိ ဖြစ်မိတယ်။ ~ စိန် ရွှေ ဆင်လို့ ယဉ်နေသူ မဟုတ်၊ ဣန္ဒြေလေး ဆင် ယဉ်ကျေးနေသူ တို့ သူငယ်ချင်းလေး နေ့ရက်တိုင်းမှာ ပျော်ရွှင်ပါစေ။ 《 သုတဖြိုး 》14.9.2017  Thuta PhYO

မာန

စိတ်ခံစားမှုကို ရှေ့တန်းတင် ဉာဏ်နည်းတဲ့ အတွေးအခေါ်နဲ့ အမှန် အမှားကို ဥပက္ခာပြု လျှောက်လာခဲ့တဲ့ အချစ် ခရီးလမ်း က အဆုံးသတ်ရ ခက် မြတ်နိုးခဲ့ဖူးတဲ့ မျက်ဝန်းတွေကို သတိရတိုင်း ... ဒီလမ်းကို ပြန်လျှောက်လှမ်းဖို့ ယုံကြည်ချက် တစ်ချို့ကို ပြန်အသက်သွင်းနေ လဲ မာနက ဟိုး ခပ်ဝေးဝေး တစ်နေရာက လမ်းပိတ်ထားခဲ့ တယ် ... 《 သုတဖြိုး 》11.8.2014 YGN  Thuta PhYO