Posts

Showing posts from April, 2019

န ဘဇေ ပါပကေ မိတ္တေ၊ န ဘဇေ ပုရိသာဓမေ ဘဇေထ မိတ္တေ ကလျာဏေ၊ ဘဇေထ ပုရိသုတ္တမေ

* မကောင်းမူ အကုသိုလ်နဲ့ပဲ မွေ့လျော်ပျော်ပိုက်တဲ့ မိတ်ဆွေဖျင်း မိတ်ဆွေညံ့တွေထံ လုံးဝ မချဉ်းကပ်ပါနဲ့။ * မလုပ်သင့်တာတွေလုပ်ဖို့ အတင်းတိုက်တွန်းတတ်တဲ့ မိတ်ဆွေဆိုး မိတ်ဆွေယုတ်တွေကို လုံးဝ မပေါင်းသင်းပါနဲ့။ * ကောင်းမူ ကုသိုလ်နဲ့ပဲ မွေ့လျော်ပျော်ပိုက်တဲ့ မိတ်ဆွေကောင်း မိတ်ဆွေမွန်တွေထံ အမြဲမပြတ် ချဉ်းကပ်ပါ။ * လုပ်သင့်တာတွေလုပ်ဖို့ အတင်းတိုက်တွန်းတတ်တဲ့ မိတ်ဆွေထူး မိတ်ဆွေမြတ်တွေကို မခွဲမခွာ ပေါင်းသင်းပါ။ ( ပဏ္ဍိတဝဂ်၊ ဆန္နတ္ထေရဝတ္ထု၊ ဓမ္မပဒဂါထာ - ၇၈ )