န ဘဇေ ပါပကေ မိတ္တေ၊ န ဘဇေ ပုရိသာဓမေ ဘဇေထ မိတ္တေ ကလျာဏေ၊ ဘဇေထ ပုရိသုတ္တမေ

* မကောင်းမူ အကုသိုလ်နဲ့ပဲ

မွေ့လျော်ပျော်ပိုက်တဲ့

မိတ်ဆွေဖျင်း မိတ်ဆွေညံ့တွေထံ

လုံးဝ မချဉ်းကပ်ပါနဲ့။

* မလုပ်သင့်တာတွေလုပ်ဖို့

အတင်းတိုက်တွန်းတတ်တဲ့

မိတ်ဆွေဆိုး မိတ်ဆွေယုတ်တွေကို

လုံးဝ မပေါင်းသင်းပါနဲ့။

* ကောင်းမူ ကုသိုလ်နဲ့ပဲ

မွေ့လျော်ပျော်ပိုက်တဲ့

မိတ်ဆွေကောင်း မိတ်ဆွေမွန်တွေထံ

အမြဲမပြတ် ချဉ်းကပ်ပါ။

* လုပ်သင့်တာတွေလုပ်ဖို့

အတင်းတိုက်တွန်းတတ်တဲ့

မိတ်ဆွေထူး မိတ်ဆွေမြတ်တွေကို

မခွဲမခွာ ပေါင်းသင်းပါ။

( ပဏ္ဍိတဝဂ်၊ ဆန္နတ္ထေရဝတ္ထု၊ ဓမ္မပဒဂါထာ - ၇၈ )

Popular posts from this blog

☸️ယေဓမ္မာ ဟေတုပ္ပဘဝါ

☸️ပဋိစ္စသမုပ္ပာဒ် စက်ဝိုင်းဒေသနာ☸️

သုတဖြိုး✍️ ပိတောက်သစ္စာ