Posts

Showing posts from September, 2018

☸️ယေဓမ္မာ ဟေတုပ္ပဘဝါ

ယေဓမ္မာ ဟေတုပ္ပဘဝါ တေသံ ဟေတုံ တထာဂတော အာဟ။ တေသဉ္စ ယောနိရောဓေါ ဧဝံ ဝါဒီ မဟာသမဏော။ ( အရှင်အဿဇိမထေရ် ) ယေဓမ္မာ - အကြင်အကျိုးတရား "ဒုက္ခသစ္စာ" တို့သည် ဟေတုပ္ပဘဝါ - အကြောင်းတရား တဏှာဟူသော "သမုဒယသစ္စာ" တို့ကို အခြေခံကာ ဖြစ်ပေါ်၍ လာကြကုန်၏။ တေသံ - ထိုအကျိုးတရားတို့၏ ဟေတုံ - အကြောင်းစစ် အကြောင်းမှန်ကို တထာဂတော - မြတ်စွာဘုရားသည် အာဟ - ဟောတော်မူ၏ ။ တေသဉ္စ - ထိုအလုံးစုံသော တရားတို့၏ နိရောဓော - အကြောင်း (သမုဒယသစ္စာ) တရားတို့၏ ချုပ်ငြိမ်းရာ "နိရောဓသစ္စာ"၊ ချုပ်ငြိမ်းကြောင်း "မဂ္ဂသစ္စာ" ကိုလည်း တထာဂတော - မြတ်စွာဘုရားသည် အာဟ - ဟောတော်မူ၏ ။ မဟာသမဏော - ရဟန်းမြတ်ဖြစ်တော်မူသော မြတ်စွာဘုရားရှင်သည် ဧဝံ ဝါဒီ - ဤသို့ အယူရှိတော်မူ၏။ အရှင်အဿဇိ ရဟန္တာအရှင်မြတ်

At Taxila

~ တက္ကသီလာ ပုရဝဏ်မှာ ပညာနို့ရည် သောက်စို့နေရင်း  သူငယ်ချင်းလေး ပျော်ပျော်ရွှင်ရွှင် စာသင် နေတာကို မြင်ရ ကြားရ တွေ့ရ ပြန်တော့ ဝမ်းသာပီတိ ဖြစ်မိတယ်။ ~ စိန် ရွှေ ဆင်လို့ ယဉ်နေသူ မဟုတ်၊ ဣန္ဒြေလေး ဆင် ယဉ်ကျေးနေသူ တို့ သူငယ်ချင်းလေး နေ့ရက်တိုင်းမှာ ပျော်ရွှင်ပါစေ။ 《 သုတဖြိုး 》14.9.2017  Thuta PhYO

မာန

စိတ်ခံစားမှုကို ရှေ့တန်းတင် ဉာဏ်နည်းတဲ့ အတွေးအခေါ်နဲ့ အမှန် အမှားကို ဥပက္ခာပြု လျှောက်လာခဲ့တဲ့ အချစ် ခရီးလမ်း က အဆုံးသတ်ရ ခက် မြတ်နိုးခဲ့ဖူးတဲ့ မျက်ဝန်းတွေကို သတိရတိုင်း ... ဒီလမ်းကို ပြန်လျှောက်လှမ်းဖို့ ယုံကြည်ချက် တစ်ချို့ကို ပြန်အသက်သွင်းနေ လဲ မာနက ဟိုး ခပ်ဝေးဝေး တစ်နေရာက လမ်းပိတ်ထားခဲ့ တယ် ... 《 သုတဖြိုး 》11.8.2014 YGN  Thuta PhYO

သီဟ

ခြင်္သေ့ဆိုတာ ရဲရင့်တယ် တည်ကြည်တယ် ပြတ်သားတယ် အသံဩဇာနဲ့ ပြည့်စုံတဲ့ သဘောကို ဆောင်တယ်။ 《 သုတဖြိုး 》9.2.2013  Thuta PhYO

တက္ကသိုလ်ပြည်သို့

အဇဋာပြင် မိုးကောင်းကင်သည် စင်ကြယ်သော တိမ်တိုက်ရှိသည်လည်းဖြစ်၍ နှလုံးမွေ့လျော် ပျော်ရွှင်ဖွယ်လည်း ဖြစ်ပေ၏ မြကျောက်စီခြယ် ဆင်ယင်ဖွယ်တန်ဆာတို့ဖြင့် ကောင်းစွာပြုပြင် တန်ဆာဆင်အပ် သကဲ့သို့ အလုံးစုံသော အရပ်မျက်နှာတို့သည်လည်း ရှုချင်စဖွယ် လွန်စွာတင့်တယ်ကြကုန်၏ သခင်မ ရှိရာ တက္ကသိုလ်ပြည်သို့ နှစ်လီစက်ပန်း ကိုယ်တော်လှမ်း၍ အလည်ကြွမြန်းတော်မူရန် လျော်ကန်လျောက်ပတ် ကောင်းမြတ်သော အချိန်လည်း ဖြစ်ပေ၏။ 《 သုတဖြိုး 》5.8.2018 MDY  Thuta PhYO

☸️ပဋိစ္စသမုပ္ပာဒ် စက်ဝိုင်းဒေသနာ☸️

Image
ငယ်ငယ်က ဘဘုန်းကြီးပြောပြလို့ ကြားနာခဲ့ရတဲ့ ဘယ်သူမှ မကင်းပါဆိုတဲ့ သမုဒယသစ္စာ ... အတိတ်အကြောင်းပြု အဝိဇ္ဇာဦးဆောင်ကာ ယခု ပစ္စုပ္ပန်အကျိုး ရရှိခဲ့တယ် ဒုက္ခသစ္စာ ... ပစ္စုပ္ပန်အကြောင်းပြု တဏှာဦးဆောင်နေသ၍ အနာဂတ်အကျိုး ရရှိနေအုံးမယ် ဒုက္ခသစ္စာ ... ဖြစ်မှာကို ပျက်တာထက်ပို ကြောက်တယ် ... 《 သုတဖြိုး 》( အရှင်ပညာသီရိ ) 18.4.2016  Thuta PhYO