တက္ကသိုလ်ပြည်သို့
အဇဋာပြင် မိုးကောင်းကင်သည်
စင်ကြယ်သော တိမ်တိုက်ရှိသည်လည်းဖြစ်၍
နှလုံးမွေ့လျော် ပျော်ရွှင်ဖွယ်လည်း ဖြစ်ပေ၏
မြကျောက်စီခြယ် ဆင်ယင်ဖွယ်တန်ဆာတို့ဖြင့်
ကောင်းစွာပြုပြင် တန်ဆာဆင်အပ် သကဲ့သို့
အလုံးစုံသော အရပ်မျက်နှာတို့သည်လည်း
ရှုချင်စဖွယ် လွန်စွာတင့်တယ်ကြကုန်၏
သခင်မ ရှိရာ တက္ကသိုလ်ပြည်သို့ နှစ်လီစက်ပန်း ကိုယ်တော်လှမ်း၍ အလည်ကြွမြန်းတော်မူရန် လျော်ကန်လျောက်ပတ် ကောင်းမြတ်သော အချိန်လည်း ဖြစ်ပေ၏။
《 သုတဖြိုး 》5.8.2018 MDY

ThutaPhYO