Posts

Showing posts with the label Poem

သုတဖြိုး✍️ အနုပညာခရီး

Image
Hello, မရေ ကမ္ဘာ့ကျန်းမာရေး ဖျားနာနေတယ် နော် မောင်ရယ် မရယ် ကမ္ဘာသူ ကမ္ဘာသား အားလုံးရယ် သတိ ဝီရိယ ရှိရှိ ဝိုင်းဝန်းကုစားကြမယ်နော် မ အလုပ်မှာရော အဆင်ပြေရဲ့လား ခင်ဗျ ကျွန်တော်ကတော့ ဘုရားရှင်ခိုးပြီးတိုင်း မမဆီ မေတ္တာပို့ သစ္စာစကားဆို တိုင်တည် ဘုရားတောင် နားငြီးနေပါပြီ နော်၊ ဘာပဲဖြစ်ဖြစ်ပါ မရယ် နေ့စဥ်ကြုံရ ကိစ္စတိုင်းဝယ် ခန္တီနှလုံးအစဥ်သုံး ရွှင်ပြုံးပါစေ မမရေ။ သတိရခြင်းတွေကို စာလုံးပေါင်းကြည့်တိုင်း အလွမ်းတွေပဲ ထပ်တိုးလာတယ် မ ရယ် ပြီးတော့ ချစ်တယ် ဒါဟာ ကျွန်တော်ရဲ့ မှန်သော သစ္စာ စကားပါ။ "စကားမှန်က ကုသိုလ် ရတဲ့" နေ့စဉ် မောင် ကုသိုလ်တွေရအောင် ဒီလိုမှန်သော စကားလေးတွေ မောင့်ကို နေ့စဉ် ပြောခွင့်ပြုပါ။ စေတနာမှန်ရင် ဝေဒနာပြန်သလို၊ စကားမှန်ရင် တရားဆန်တာပါပဲ မရဲ့... စကားမှန်တာက ကုသိုလ်ရတယ်၊ တရားစကားမပြောဘဲ အကုသိုလ် စကားတွေ ပြောနေလို့ကတော့ သံသရာမှာ အပြန်တစ်ရာ ခံသာခံပေတော့ပဲ မမရေ... ဪ ဒါနဲ့ မ ဘယ်တော့ လက်ထက်ခွင့်ပေးမှာလဲ ခင်ဗျ မနဲ့ အတူနေဖို့ မောင် အလုပ်တွေမှန်မှန် ကြိုးစားနေပါတယ် မောင်လေ မနဲ့ လက်ထက်ပြီးရင် အတူနေဖို့ အိမ်လေးလည်း ဈေးမေးထားတယ် မမ ချစ်တဲ့ ကလေးလေးတွေ ကစား...

သုတဖြိုး✍️ ပိတောက်သစ္စာ

Image
တီတီ (ဆိုင်ကယ် ဟွန်းတီးသံ)🏍️ • Hello, မမဝေ နေကောင်းတယ် နော် - အမလေး ကောင်းပါ့တော်ရေ🥰 - ကဲ အဘိဓမ္မာ ဆရာကြီး မမဝေ ဆီ ဘာတရားတွေ ဟောဖို့လာသလဲ☸️ • ဟွန်း မမဝေကတော့ ပြောတော့မယ် • ကြာရိုးကြာနွယ်ကို ကြည့်ခြင်းဖြင့် ရေတိမ်ရေနက်ကို သိနိုင်သလို မမဝေ အပေါ်ထားတဲ့ ကျွန်တော်ရဲ့ ချစ်ခြင်းမေတ္တာတွေကိုလည်း ကျွန်တော်ရဲ့ ကိုယ်၊ နှုတ် အမူအရာတွေကို ကြည့်ခြင်းဖြင့် သိနိုင်ပါတယ် မမဝေ🌷 • အင်း မမဝေ သိလို့ပဲ မောင့်ကို မရဲ့ အချစ်ရဆုံး မောင်လေး အဖြစ် အနားမှာ တစ်သက်လုံး နေခွင့်ပေးတာပေါ့💑 • ဟုတ်ကဲ့ပါတဲ့ ဗျာ မမဝေကလေ တစ်ပါးသူ စိတ်ချမ်းသာအောင် သိပ်ပြောတတ်တာပဲ ဟား ဟား ဟား (သဘောကျ၍ ရယ်သံ)☺️ ~ ဟယ် ကိုဖြိုး အောင်လံ ပြန်ရောက်နေတာလား • ဟုတ်ကဲ့ ခင်ဗျ မေမေနွဲ့ • အေးချမ်းလှတဲ့ နယ်မြို့လေးကို ရောက်တုန်းရောက်ခိုက် မမဝေနဲ့လည်း တွေ့ရင် မေမေနွဲ့အတွက် Green Tea Cake လေး လက်ဆောင်လာပေးတာ ခင်ဗျ🥞 ~ အေး ကျေးဇူးတင်ပါတယ် ကွယ် ~ မင်း မမဝေ မင်းအကြောင်း တတွတ်တွတ်ချီးမွမ်းလို့ မေနွဲ့ ကြားရတာ ဝမ်းသာပါတယ်😊 - ဖြိုးက ငယ်ငယ်တုန်းက ဆိုးသလောက် ကြီးလာတော့ တဖြည်းဖြည်း လိမ်မာလာတယ်တဲ့🙂 • ဟုတ်ကဲ့ မေနွဲ့ ကျွန်တော်လည်း ငယ်ငယ်တုန...

❤️ အချစ်အဘိဓမ္မာ ☸️

* နှစ်ဆယ်အကျော်မှာ မြင်ရင် မြင်တယ်ထား ကြားရင် ကြားတယ် ကြားတယ် သိမှတ်ပြီး နှာဖျားတိုးထိ၊ သတိချပ်ကာ အာရုံတစ်ပါး၊ မသွားစေရာ ဝိပဿနာ ပွားသလို တရားနဲ့လည်း မရှုနိုင်ပြီ။ သူ့ကိုမြင် သူ့အသံကြားပြန်တော့ ကြားယောင်ရင် နားထောင်တုန်းလိုပဲ ရင်ထဲမှာ ထာဝစဉ်သစ် လွမ်းဖြစ်ပါသည်။ ။ 《 သုတဖြိုး 》14.1.2017 #21  Thuta PhYO

At Taxila

~ တက္ကသီလာ ပုရဝဏ်မှာ ပညာနို့ရည် သောက်စို့နေရင်း  သူငယ်ချင်းလေး ပျော်ပျော်ရွှင်ရွှင် စာသင် နေတာကို မြင်ရ ကြားရ တွေ့ရ ပြန်တော့ ဝမ်းသာပီတိ ဖြစ်မိတယ်။ ~ စိန် ရွှေ ဆင်လို့ ယဉ်နေသူ မဟုတ်၊ ဣန္ဒြေလေး ဆင် ယဉ်ကျေးနေသူ တို့ သူငယ်ချင်းလေး နေ့ရက်တိုင်းမှာ ပျော်ရွှင်ပါစေ။ 《 သုတဖြိုး 》14.9.2017  Thuta PhYO

မာန

စိတ်ခံစားမှုကို ရှေ့တန်းတင် ဉာဏ်နည်းတဲ့ အတွေးအခေါ်နဲ့ အမှန် အမှားကို ဥပက္ခာပြု လျှောက်လာခဲ့တဲ့ အချစ် ခရီးလမ်း က အဆုံးသတ်ရ ခက် မြတ်နိုးခဲ့ဖူးတဲ့ မျက်ဝန်းတွေကို သတိရတိုင်း ... ဒီလမ်းကို ပြန်လျှောက်လှမ်းဖို့ ယုံကြည်ချက် တစ်ချို့ကို ပြန်အသက်သွင်းနေ လဲ မာနက ဟိုး ခပ်ဝေးဝေး တစ်နေရာက လမ်းပိတ်ထားခဲ့ တယ် ... 《 သုတဖြိုး 》11.8.2014 YGN  Thuta PhYO

တက္ကသိုလ်ပြည်သို့

အဇဋာပြင် မိုးကောင်းကင်သည် စင်ကြယ်သော တိမ်တိုက်ရှိသည်လည်းဖြစ်၍ နှလုံးမွေ့လျော် ပျော်ရွှင်ဖွယ်လည်း ဖြစ်ပေ၏ မြကျောက်စီခြယ် ဆင်ယင်ဖွယ်တန်ဆာတို့ဖြင့် ကောင်းစွာပြုပြင် တန်ဆာဆင်အပ် သကဲ့သို့ အလုံးစုံသော အရပ်မျက်နှာတို့သည်လည်း ရှုချင်စဖွယ် လွန်စွာတင့်တယ်ကြကုန်၏ သခင်မ ရှိရာ တက္ကသိုလ်ပြည်သို့ နှစ်လီစက်ပန်း ကိုယ်တော်လှမ်း၍ အလည်ကြွမြန်းတော်မူရန် လျော်ကန်လျောက်ပတ် ကောင်းမြတ်သော အချိန်လည်း ဖြစ်ပေ၏။ 《 သုတဖြိုး 》5.8.2018 MDY  Thuta PhYO

☮️ Peace

" တစ်ယောက်နဲ့ တစ်ယောက် အဆင်မပြေမှု ဖြစ်တယ်ဆိုတာ " * နားလည်မှု မရှိလို့ ......... " နားလည်မှု ရှိဖို့အတွက် " * တစ်ယောက်နဲ့ တစ်ယောက် ပွင့်ပွင့်လင်းလင်း ရှိရမယ် ......... " ပွင့်ပွင့်လင်းလင်း ရှိဖို့အတွက် " * တစ်ယောက်နဲ့ တစ်ယောက် ဖော်ရွေမှု ရှိရမယ် ......... 《 သုတဖြိုး 》 Thuta PhYO

🏡 အိမ်

* အိမ်ကလေးက သေးတယ် ဒါပေမယ့် သဘောထားကြီးပေးပါ ငါ့ မိန်းမရယ် ... * ခြံကလေးက ကျဉ်းတယ် ဒါပေမယ့် အမြင်ကျယ်ပေးပါ ငါ့ သားရယ် ... * ရာသီဥတုက ကြမ်းတမ်းတယ် ဒါပေမယ့် သိမ်မွေ့ပေးပါ ငါ့ သမီးလေး ရယ် ... * ဘဝက မတည်မြဲဘူး ကတိတည်ပေးပါလား ငါ့ အဘတို့ ရယ် ... * လူ့ သက်တမ်းက တိုတယ် စိတ်ရှည်ပေးပါ ငါ့ ညီရယ် ... * လမ်းတွေက ကွေ့ကောက်တယ် ဒါပေမယ့် ဖြောင့်ဖြောင့်လျှောက်ပေးပါ ငါ့ ညီငယ်လေး ရယ် ... * ဝဠ် ဆိုတာ လည်တတ်တယ် သီလတွေ စောင့်ထိန်းပေးပါလား အဘတို့ ရယ် ... * ဆုံးဖြတ်ချက်တွေက မှားတတ်တယ် ဒါပေမယ့် အနေအထိုင် မှန်ပေးပါလား ငါ့ ညီမလေး ရယ် ... * လောကကြီးက ရှုပ်ထွေးတယ် ဒါပေမယ့် ဘယ်အရာကိုပဲ လုပ်လုပ် ရှင်းရှင်းလင်းလင်း လုပ်ပေးပါလား ငါ့ သူငယ်ချင်း ရယ် ... * ကံ တရားက ဆန်းကြယ်တယ် ဒါကြောင့် ရိုးရိုးသားသားလေး နေပေးပါလား ငါ့ မိန်းမ ရယ် ... * သိပ် အထာမကျ တဲ့ မိစ္ဆာညမှာ လိပ်ပြာမလှ တဲ့ လူတွေ အိပ်ရေးပျက်တာ နှစ် (၆၀) ရှိပီပေါ့ ကွယ် ... #ကဗျာဆရာ ကိုမိုးဇော်။ #ဆရာ ဦးဘုန်း ရွတ်ဆိုသည်။