Posts

Showing posts from August, 2018

☮️ Peace

" တစ်ယောက်နဲ့ တစ်ယောက် အဆင်မပြေမှု ဖြစ်တယ်ဆိုတာ " * နားလည်မှု မရှိလို့ ......... " နားလည်မှု ရှိဖို့အတွက် " * တစ်ယောက်နဲ့ တစ်ယောက် ပွင့်ပွင့်လင်းလင်း ရှိရမယ် ......... " ပွင့်ပွင့်လင်းလင်း ရှိဖို့အတွက် " * တစ်ယောက်နဲ့ တစ်ယောက် ဖော်ရွေမှု ရှိရမယ် ......... 《 သုတဖြိုး 》 Thuta PhYO

🏡 အိမ်

* အိမ်ကလေးက သေးတယ် ဒါပေမယ့် သဘောထားကြီးပေးပါ ငါ့ မိန်းမရယ် ... * ခြံကလေးက ကျဉ်းတယ် ဒါပေမယ့် အမြင်ကျယ်ပေးပါ ငါ့ သားရယ် ... * ရာသီဥတုက ကြမ်းတမ်းတယ် ဒါပေမယ့် သိမ်မွေ့ပေးပါ ငါ့ သမီးလေး ရယ် ... * ဘဝက မတည်မြဲဘူး ကတိတည်ပေးပါလား ငါ့ အဘတို့ ရယ် ... * လူ့ သက်တမ်းက တိုတယ် စိတ်ရှည်ပေးပါ ငါ့ ညီရယ် ... * လမ်းတွေက ကွေ့ကောက်တယ် ဒါပေမယ့် ဖြောင့်ဖြောင့်လျှောက်ပေးပါ ငါ့ ညီငယ်လေး ရယ် ... * ဝဠ် ဆိုတာ လည်တတ်တယ် သီလတွေ စောင့်ထိန်းပေးပါလား အဘတို့ ရယ် ... * ဆုံးဖြတ်ချက်တွေက မှားတတ်တယ် ဒါပေမယ့် အနေအထိုင် မှန်ပေးပါလား ငါ့ ညီမလေး ရယ် ... * လောကကြီးက ရှုပ်ထွေးတယ် ဒါပေမယ့် ဘယ်အရာကိုပဲ လုပ်လုပ် ရှင်းရှင်းလင်းလင်း လုပ်ပေးပါလား ငါ့ သူငယ်ချင်း ရယ် ... * ကံ တရားက ဆန်းကြယ်တယ် ဒါကြောင့် ရိုးရိုးသားသားလေး နေပေးပါလား ငါ့ မိန်းမ ရယ် ... * သိပ် အထာမကျ တဲ့ မိစ္ဆာညမှာ လိပ်ပြာမလှ တဲ့ လူတွေ အိပ်ရေးပျက်တာ နှစ် (၆၀) ရှိပီပေါ့ ကွယ် ... #ကဗျာဆရာ ကိုမိုးဇော်။ #ဆရာ ဦးဘုန်း ရွတ်ဆိုသည်။