🏡 အိမ်

* အိမ်ကလေးက သေးတယ် ဒါပေမယ့် သဘောထားကြီးပေးပါ ငါ့ မိန်းမရယ် ...

* ခြံကလေးက ကျဉ်းတယ် ဒါပေမယ့် အမြင်ကျယ်ပေးပါ ငါ့ သားရယ် ...

* ရာသီဥတုက ကြမ်းတမ်းတယ် ဒါပေမယ့် သိမ်မွေ့ပေးပါ ငါ့ သမီးလေး ရယ် ...

* ဘဝက မတည်မြဲဘူး ကတိတည်ပေးပါလား ငါ့ အဘတို့ ရယ် ...

* လူ့ သက်တမ်းက တိုတယ် စိတ်ရှည်ပေးပါ ငါ့ ညီရယ် ...

* လမ်းတွေက ကွေ့ကောက်တယ် ဒါပေမယ့် ဖြောင့်ဖြောင့်လျှောက်ပေးပါ ငါ့ ညီငယ်လေး ရယ် ...

* ဝဠ် ဆိုတာ လည်တတ်တယ် သီလတွေ စောင့်ထိန်းပေးပါလား အဘတို့ ရယ် ...

* ဆုံးဖြတ်ချက်တွေက မှားတတ်တယ် ဒါပေမယ့် အနေအထိုင် မှန်ပေးပါလား ငါ့ ညီမလေး ရယ် ...

* လောကကြီးက ရှုပ်ထွေးတယ် ဒါပေမယ့် ဘယ်အရာကိုပဲ လုပ်လုပ် ရှင်းရှင်းလင်းလင်း လုပ်ပေးပါလား ငါ့ သူငယ်ချင်း ရယ် ...

* ကံ တရားက ဆန်းကြယ်တယ် ဒါကြောင့် ရိုးရိုးသားသားလေး နေပေးပါလား ငါ့ မိန်းမ ရယ် ...

* သိပ် အထာမကျ တဲ့ မိစ္ဆာညမှာ လိပ်ပြာမလှ တဲ့ လူတွေ အိပ်ရေးပျက်တာ နှစ် (၆၀) ရှိပီပေါ့ ကွယ် ...

#ကဗျာဆရာ ကိုမိုးဇော်။

#ဆရာ ဦးဘုန်း ရွတ်ဆိုသည်။

Popular posts from this blog

☸️ယေဓမ္မာ ဟေတုပ္ပဘဝါ

☸️ပဋိစ္စသမုပ္ပာဒ် စက်ဝိုင်းဒေသနာ☸️

မာန