သုတဖြိုး✍️ အနုပညာခရီး


Hello, မရေ ကမ္ဘာ့ကျန်းမာရေး ဖျားနာနေတယ် နော်
မောင်ရယ် မရယ် ကမ္ဘာသူ ကမ္ဘာသား အားလုံးရယ် သတိ ဝီရိယ ရှိရှိ ဝိုင်းဝန်းကုစားကြမယ်နော်

မ အလုပ်မှာရော အဆင်ပြေရဲ့လား ခင်ဗျ
ကျွန်တော်ကတော့ ဘုရားရှင်ခိုးပြီးတိုင်း မမဆီ မေတ္တာပို့ သစ္စာစကားဆို တိုင်တည် ဘုရားတောင် နားငြီးနေပါပြီ နော်၊ ဘာပဲဖြစ်ဖြစ်ပါ မရယ် နေ့စဥ်ကြုံရ ကိစ္စတိုင်းဝယ် ခန္တီနှလုံးအစဥ်သုံး ရွှင်ပြုံးပါစေ မမရေ။

သတိရခြင်းတွေကို စာလုံးပေါင်းကြည့်တိုင်း အလွမ်းတွေပဲ ထပ်တိုးလာတယ် မ ရယ် ပြီးတော့ ချစ်တယ် ဒါဟာ ကျွန်တော်ရဲ့ မှန်သော သစ္စာ စကားပါ။

"စကားမှန်က ကုသိုလ် ရတဲ့"

နေ့စဉ် မောင် ကုသိုလ်တွေရအောင်
ဒီလိုမှန်သော စကားလေးတွေ မောင့်ကို နေ့စဉ် ပြောခွင့်ပြုပါ။

စေတနာမှန်ရင် ဝေဒနာပြန်သလို၊ စကားမှန်ရင် တရားဆန်တာပါပဲ မရဲ့...

စကားမှန်တာက ကုသိုလ်ရတယ်၊ တရားစကားမပြောဘဲ အကုသိုလ် စကားတွေ ပြောနေလို့ကတော့ သံသရာမှာ အပြန်တစ်ရာ ခံသာခံပေတော့ပဲ မမရေ...

ဪ ဒါနဲ့ မ
ဘယ်တော့ လက်ထက်ခွင့်ပေးမှာလဲ ခင်ဗျ
မနဲ့ အတူနေဖို့ မောင် အလုပ်တွေမှန်မှန် ကြိုးစားနေပါတယ်

မောင်လေ မနဲ့ လက်ထက်ပြီးရင် အတူနေဖို့ အိမ်လေးလည်း ဈေးမေးထားတယ်
မမ ချစ်တဲ့ ကလေးလေးတွေ ကစားဖို့ ကစားကွင်းလေးများနဲ့ ပန်းခင်းလေးနဲ့ ပေါ့
မ အကြိုက် ပြတင်းပေါက်လေးကို အဖြူရောင် ဆေးသုတ်မယ် အိမ်ခေါင်မိုးလေးက အပြာရောင်ပေါ့ ခန်းဆီးလိုက်ကာလေးကိုတော့ မောင့်အကြိုက် ဇာပန်းပွင့်လေးတွေ တပ်မယ် နော် မ

အချိန်သိပ်နှောင်းလာရင်တော့ ရာသီလူပျိုလေးက မနဲ့ အတူအိုမင်းဖို့အတွက် အဒိန္နာဒါနာကံ ကျူးလွန်ပြီး (မ ကိုခိုးပြေးမယ်) သမုဒယကြောင့်ဖြစ်တဲ့ ဒုက္ခကိုလည်း သုခလို့မှတ်ယူပြီး သံသရာမှာ အဖန်တစ်ရာ ကျေကျေနပ်နပ်ကြီး ကျင်လည်နေအုံးမှာ နော် မ..

လက်ထပ်ပြီးရင် ခရီးသွားချင်သေးတယ် နုပျိုလှပတဲ့ အနုပညာခရီးသွားမယ်
စစ်ပွဲတွေ ရပ်ဖို့ ငြိမ်းချမ်းရေး ကဗျာလေးတွေ ရေးမယ်...
ပြည်သူကို မျက်နှာမူပြီး ဒီမိုကရေစီ ပန်းချီကား လှလှလေး ဆွဲမယ်...
ပြီးရင်တော့ ဟောဒီ ကမ္ဘာထဲက အပျော်ဆုံး မောင်တို့နှစ်ယောက်
ဓမ္မကို အဖော်ပြုပြီး ထာဝရ ငြိမ်းအေးချမ်းသာစွာ နေထိုင်သွားကြမယ်။

* ကိုယ်တိုင်ချမ်းမြေ့၍ အပူတွေ့သူများကိုလည်း ငြိမ်းအေးအောင် ဆောင်ရွက်နိုင်ပါစေ။ မမဝေ 🙏🥰💌

#သုတဖြိုး✍️
12.3.2020 - 6:34 AM

*(ကိုယ်တိုင်ချမ်းမြေ့၍ အပူတွေ့သူများကိုလည်း ငြိမ်းအေးအောင် ဆောင်ရွက်နိုင်ပါစေ။)* စာသားသည် ဆရာမောင်စိန်ဝင်း (ပုတီးကုန်း) ၏ ကဗျာစာသားဖြစ်ပါသည်။
ကိုးကား - စကားမှန်က ကုသိုလ် ရ၊ စေတနာမှန်ရင် ဝေဒနာပြန်သလို၊ စကားမှန်ရင် တရားဆန်တာပါပဲ၊ စကားမှန်တာက ကုသိုလ်ရတယ်၊ တရားစကားမပြောဘဲ အကုသိုလ် စကားတွေ ပြောနေလို့ကတော့ သံသရာမှာ အပြန်တစ်ရာ ခံသာခံပေတော့ပဲ။

ThutaPhYO

Popular posts from this blog

☸️ယေဓမ္မာ ဟေတုပ္ပဘဝါ

☸️ပဋိစ္စသမုပ္ပာဒ် စက်ဝိုင်းဒေသနာ☸️

သုတဖြိုး✍️ ပိတောက်သစ္စာ