သုတဖြိုး✍️ ပိတောက်သစ္စာ


တီတီ (ဆိုင်ကယ် ဟွန်းတီးသံ)🏍️

• Hello, မမဝေ နေကောင်းတယ် နော်
- အမလေး ကောင်းပါ့တော်ရေ🥰

- ကဲ အဘိဓမ္မာ ဆရာကြီး မမဝေ ဆီ ဘာတရားတွေ ဟောဖို့လာသလဲ☸️

• ဟွန်း မမဝေကတော့ ပြောတော့မယ်
• ကြာရိုးကြာနွယ်ကို ကြည့်ခြင်းဖြင့် ရေတိမ်ရေနက်ကို သိနိုင်သလို မမဝေ အပေါ်ထားတဲ့ ကျွန်တော်ရဲ့ ချစ်ခြင်းမေတ္တာတွေကိုလည်း ကျွန်တော်ရဲ့ ကိုယ်၊ နှုတ် အမူအရာတွေကို ကြည့်ခြင်းဖြင့် သိနိုင်ပါတယ် မမဝေ🌷

• အင်း မမဝေ သိလို့ပဲ မောင့်ကို မရဲ့ အချစ်ရဆုံး မောင်လေး အဖြစ် အနားမှာ တစ်သက်လုံး နေခွင့်ပေးတာပေါ့💑
• ဟုတ်ကဲ့ပါတဲ့ ဗျာ မမဝေကလေ တစ်ပါးသူ စိတ်ချမ်းသာအောင် သိပ်ပြောတတ်တာပဲ ဟား ဟား ဟား (သဘောကျ၍ ရယ်သံ)☺️

~ ဟယ် ကိုဖြိုး အောင်လံ ပြန်ရောက်နေတာလား
• ဟုတ်ကဲ့ ခင်ဗျ မေမေနွဲ့

• အေးချမ်းလှတဲ့ နယ်မြို့လေးကို ရောက်တုန်းရောက်ခိုက် မမဝေနဲ့လည်း တွေ့ရင် မေမေနွဲ့အတွက် Green Tea Cake လေး လက်ဆောင်လာပေးတာ ခင်ဗျ🥞
~ အေး ကျေးဇူးတင်ပါတယ် ကွယ်
~ မင်း မမဝေ မင်းအကြောင်း တတွတ်တွတ်ချီးမွမ်းလို့ မေနွဲ့ ကြားရတာ ဝမ်းသာပါတယ်😊
- ဖြိုးက ငယ်ငယ်တုန်းက ဆိုးသလောက် ကြီးလာတော့ တဖြည်းဖြည်း လိမ်မာလာတယ်တဲ့🙂

• ဟုတ်ကဲ့ မေနွဲ့ ကျွန်တော်လည်း ငယ်ငယ်တုန်းကတော့ မသိလို့ ဆိုးခဲ့ ပေခဲ့မိတာပါ ကြီးလာတော့ ဖေဖေ၊ မေမေ ဆရာတို့ရဲ့ ကောင်းစေချင်တဲ့ စေတနာနဲ့ ဆုံးမတဲ့ အဆုံးအမတွေကို နားလည်သိရှိလာလို့ပါ မေနွဲ့ ... ပြီးတော့ မမဝေကြောင့်လည်း ပါတာပေါ့လေ (မမဝေကပြောတယ် ကျွန်တော့်ကို စာရေးဆရာကြီး ဖြစ်ချင်ရင် စာကောင်းပေကောင်းတွေ အများကြီးဖတ်ရမယ်တဲ့) ခင်ဗျ📚📗

~ ကဲ ဟုတ်ပါပြီ ကွယ် မင်းတို့ မောင်နှမ နှစ်ယောက် အေးဆေး စကားပြောကြအုံး နှော
~ မေနွဲ့ မင်းကြိုက်တဲ့ မုန့်လက်ကောက် သွားယူလိုက်အုံးမယ်
• ဟုတ်ကဲ့ ခင်ဗျ

- အမလေး ကိုယ်လူချော စကားများလိုက်တာ

• ဝါးး ရော့ မ
• ဒီ ပိတောက်ပန်းလေးက မမဝေ ပန်ဖို့
• ဒီ ကဗျာလေးက မမဝေ ဖတ်ဖို့💌
• မွ ဒီ အနမ်းလေးက မမဝေကို လွမ်းလို့...😘

- အို ... သွား .. ကောင်စုပ်လေး လူကြီးကိုနော် မလေးမခန့်နဲ့ နောက် တွေ့ခွင့်မပေးပဲ နေလိုက်မှာ နော်😌
• ဟာ မမကလည်း အဲ့လို့မလုပ်ပါနဲ့ မောင် လိမ်မာပါ့မယ် ကတိ
(မမဝေကို လေးဆယ့်ခုနှစ်စက္ကန့်ခန့် ဖက်ထားလိုက်ပါသည်)

• ကဲ မောင် ပြန်တော့မယ် နော် အိမ်ကထွက်လာတာ ကြာနေပြီ မေမေ ဆူခံထိမှာ စိုးလို့

• ဪ ဒါနဲ့ မောင် ရန်ကုန်ကနေ မမဝေဆီ တယ်လီဖုန်းဆက်တဲ့အခါ ဆက်သွယ်မှုဧရိယာပြင်ပသို့ ခဏခဏ ထွက်မသွားပါနဲ့ နော် အဲ့လို ဆက်သွယ် မရတဲ့အခါဆို ဟောဒီက မောင်ဟာလေ အရူးလေး တစ်ယောက်လို ခံစားနေရတာ သိရဲ့လား မမဝေ☎️

- အို အို စကားတွေ တတ်လိုက်တာ လွမ်းအောင် ချွဲတတ်လိုက်တာ ဆိုတာလေ တကတည်း မုန်းစရာလေးပါလား နော်☺️
- ဟွန်း အဲ့ဒီ အပြောလေးတွေနဲ့ ရန်ကုန်မှာ ကောင်မလေး ဘယ်နှစ်ယောက်နဲ့များ တွဲသွားတွဲလာ လုပ်နေသလဲ မသိပါဘူး နော်😒

• ဟာ မမဝေကလည်း မောင် အဲ့လို မလုပ်ပါဘူး😊
• မောင်ကလေ ဟိုးး ငယ်ငယ်လေး ကတည်းကနေ ခုချိန်ထိ ဟောဒီက နတ်သမီးလေး မမဝေ တစ်ယောက်ထဲကိုပဲ ချစ်ပါသည်တဲ့ ခင်ဗျ ကဲ ကျေနပ်ပြီလား။💏(မမဝေရဲ့ မေးစိလေးကို ဆွဲပြီး ကြည်နူးစရာ စကားလေးတွေ ပြောဖြစ်ခဲ့ကြသည်။)

#သုတဖြိုး✍️
11.4.2018 - 12:49 AM 

ThutaPhYO

Popular posts from this blog

☸️ယေဓမ္မာ ဟေတုပ္ပဘဝါ

☸️ပဋိစ္စသမုပ္ပာဒ် စက်ဝိုင်းဒေသနာ☸️