🏡One day it will be cool and we can get back home. And we will pet the dog.🐕

 🏡One day it will be cool and we can get back home. And we will pet the dog.🐕

* တနေ့နေ့အေးဆေးဖြစ်သွားတဲ့အခါ အိမ်ပြန်မယ်။ ခွေးလေးမွေးကြမယ်။


ကလေးလေးတွေက သိပ်ဖြူစင်တယ်၊ သိပ်ချစ်ဖို့ကောင်းတယ် ❤ 

တစ်ခါတစ်လေ သူတို့လေးတွေရဲ့ ချစ်စရာ စိတ်ကူးစိတ်သန်း/စကားလုံးလေးတွေ ကို ဖော်ပြချင်တဲ့ အခါ ဟန်ပန်အမူအရာလေးတွေနဲ့ ဖော်ပြသလို၊ ခုလို စာလေးတွေ ရေး/ ပန်းချီးကားလေးတွေ ဆွဲပြီးလည်း ပြောပြတတ်ကြတယ်။

*ကလေးတွေ ပူပင်သောက ကင်းစွာနေနိုင်ဖို့၊ ဘေးကင်းစွာ နေနိုင်ဖို့၊ အာဟာရပြည့်ဝဖို့၊ ပညာကောင်းစွာ သင်နိုင်ဖို့၊ သူတို့လေးတွေရဲ့ အနာဂတ် လှပဖို့၊ အခြေအနေကောင်းလေးတွေ ဖန်တီးပေးဖို့ အတွက် လူငယ်/လူကြီးတိုင်းမှာ တာဝန်ရှိတယ်။ ဒီတာဝန်ကို မဖြစ်မနေကျေပွန်ဖို့ လိုအပ်တယ်။

"ဟိတ သုခ" တဲ့ ဟိတ ဆိုတဲ့ အခြေအနေကောင်းလေးတွေရှိမှ၊ သုခ ဆိုတဲ့ ချမ်းသာခြင်းကို ရရှိမှာ ဖြစ်တယ်။

ဒီတော်လှန်ရေးကာလမှာ အစစအရာရာ မလွယ်ကူတာ ကျတော်သိပါတယ် ဒါပေမယ့် 'မလွယ်တာ သိလည်း မဖြစ်နိုင်တဲ့ ကိစ္စ မဟုတ်တဲ့ အတွက်' ကျတော်တို့ အားလုံး ဝိုင်းဝန်းကြိုးစားရင် ဖြစ်နိုင်ပါတယ် ခင်ဗျာ.....

🤍ကလေးတို့ ဆန္ဒတွေအမြန်ဆုံးပြည့်ဝပြီး ကျန်းမာ၊ပျော်ရွှင်ကြပါစေ🙏


ThutaPhYO

Popular posts from this blog

☸️ယေဓမ္မာ ဟေတုပ္ပဘဝါ

☸️ပဋိစ္စသမုပ္ပာဒ် စက်ဝိုင်းဒေသနာ☸️

မာန