Posts

Showing posts with the label meditation

သုတဖြိုး✍️ ဝိပဿနာ အားထုတ်ခြင်း

Image
ဝိပဿနာ အားထုတ်ရာတွင် ဣရိယာပုထ်ကို ကြာကြာထိုင်နိုင်မည့် အနေအထားဖြင့် ထိုင်ပါ။ ဣရိယာပုထ်ကို ခဏခဏမပြင်ပါနှင့် သည်းခံပြီး ဖြစ်ပေါ်လာတဲ့ ဝေဒနာ၊ နာကျင်၊ ကိုက်ခဲမှု၊  ခန္ဓာကိုယ်ပေါ်က လှုပ်ရှား၊  ယားယံ မှု စသည့် ဝေဒနာများအပေါ်မှာ ဖြစ်၊ ပျက်ရှုပါ။   ထုံကျင်၊ နာကျင်မှု၊ ဒုက္ခဝေဒနာ ပြင်းထံလာသည့်အခါ မိမိစိတ်သန္တာန်တွင် ဒေါသစိတ် မဖြစ်ပေါ်အောင် အထူးသတိထား ရှုမှတ်ရပါမည်။  ဒီနေရာတွင် ကျွန်ုပ် နှလုံးသွင်းရှုမှတ်ပုံလေးကို အနည်းငယ် ပြောပြပါမည်။ "This too shall pass = ဒါလည်း အချိန်တန်ရင် ပြီးသွားမှာပါပဲ" ဆိုပြီး ဖြစ်ပေါ်လာတဲ့ ဒုက္ခဝေဒနာကို ကျော်လွှားပါတယ်။ ခင်ဗျာ  "ဝေဒနာ ထင်ထင်ရှားရှား မရှိတော့ရင် အာနာပါန ဝင်လေ ထွက်လေ" ကို ပြန်ရှုမှတ်ပါ ခင်ဗျာ။  ဝိ = အထူး၊ ပဿနာ = ရှုမှတ်ခြင်း။ #သုတဖြိုး✍️ (အရှင်ပညာသီရိ - ဓမ္မသီရိတောရ) 26.11.2020 - 10:55 AM  Thuta PhYO

Mahasi Meditation Center

ကိစ္စမများ စကားနည်းစေ၊ အိပ်နေမှုနည်း ကိုယ်တည်းပျော်လေ။ ရောနှောမပြု ချဲ့မှု့ရှောင်သွေ၊ အသေကောင်းဖို့ အကြောင်းဂုဏ်ခြောက်ထွေ။ ကိစ္စမများ စကားနည်းစေ၊ အိပ်နေမှုနည်း ကိုယ်တည်းပျော်လေ။ ဆုံးမလွယ်ကြောင်း မိတ်ကောင်းရှိစေ၊ မဆုတ်ရေး အားပေးဂုဏ်ခြောက်ထွေ။ Mahasi Sayadaw U Sobhana https://goo.gl/maps/27Yofvvk7KR2