သုတဖြိုး✍️ ဝိပဿနာ အားထုတ်ခြင်း


ဝိပဿနာ အားထုတ်ရာတွင် ဣရိယာပုထ်ကို ကြာကြာထိုင်နိုင်မည့် အနေအထားဖြင့် ထိုင်ပါ။

ဣရိယာပုထ်ကို ခဏခဏမပြင်ပါနှင့် သည်းခံပြီး ဖြစ်ပေါ်လာတဲ့ ဝေဒနာ၊ နာကျင်၊ ကိုက်ခဲမှု၊ 

ခန္ဓာကိုယ်ပေါ်က လှုပ်ရှား၊ ယားယံမှု စသည့် ဝေဒနာများအပေါ်မှာ ဖြစ်၊ ပျက်ရှုပါ။  

ထုံကျင်၊ နာကျင်မှု၊ ဒုက္ခဝေဒနာ ပြင်းထံလာသည့်အခါ မိမိစိတ်သန္တာန်တွင် ဒေါသစိတ် မဖြစ်ပေါ်အောင် အထူးသတိထား ရှုမှတ်ရပါမည်။ 

ဒီနေရာတွင် ကျွန်ုပ် နှလုံးသွင်းရှုမှတ်ပုံလေးကို အနည်းငယ် ပြောပြပါမည်။

"This too shall pass = ဒါလည်း အချိန်တန်ရင် ပြီးသွားမှာပါပဲ" ဆိုပြီး ဖြစ်ပေါ်လာတဲ့ ဒုက္ခဝေဒနာကို ကျော်လွှားပါတယ်။ ခင်ဗျာ 

"ဝေဒနာ ထင်ထင်ရှားရှား မရှိတော့ရင် အာနာပါန ဝင်လေ ထွက်လေ" ကို ပြန်ရှုမှတ်ပါ ခင်ဗျာ။ 

ဝိ = အထူး၊ ပဿနာ = ရှုမှတ်ခြင်း။

#သုတဖြိုး✍️ (အရှင်ပညာသီရိ - ဓမ္မသီရိတောရ)

26.11.2020 - 10:55 AM 

ThutaPhYO

Popular posts from this blog

☸️ယေဓမ္မာ ဟေတုပ္ပဘဝါ

☸️ပဋိစ္စသမုပ္ပာဒ် စက်ဝိုင်းဒေသနာ☸️

သုတဖြိုး✍️ ပိတောက်သစ္စာ