Daw Aung San Suu Kyi | Mindfulness
၁၉၈၉ခုနှစ် ကျွန်မနေအိမ်မှာ အကျဉ်းချခြင်းမခံရမီ ဆရာတော်ဦးပဏ္ဍိတကို ဖူးတွေ့ခွင့်ရခဲ့ပါတယ်။ ဆရာတော်က သမ္မာဝါစာလို့ ခေါ်တဲ့ မှန်တဲ့စကားကို ပြောဆိုခြင်းဟာ ဘယ်လောက်ထိအရေးပါတယ်ဆိုတာကို ဟောကြားဆုံးမခဲ့ပါတယ်။ လူတစ်ယောက်အနေနဲ့ မှန်သောစကားကို ပြောရုံတင်မက သူပြောတဲ့စကားဟာ သတ္တဝါအချင်းချင်း သင့်မြတ်ညီညွတ်မှုကိုဖြစ်စေရမယ်၊ နူးညံ့သိမ်မွေ့မှုရှိရမယ်၊ အကျိုးရှိရမယ်လို့လည်း ဟောကြားခဲ့ပါတယ်။ လူသားတစ်ဦးအနေနဲ့ မှန်လည်းမှန်တယ်၊ အများအကျိုးလည်းရှိတယ်ဆိုရင် ကြားရတဲ့သူအဖို့ မနှစ်သက်တောင်မှ ဒီလိုစကားမျိုးကိုသာ ပြောဆိုခဲ့တဲ့ ဗုဒ္ဓရဲ့ စံနမူနာကို အတုယူသင့်တယ်လို့ ဆိုပါတယ်။ ဆရာတော်က ကျွန်မကို ‘သတိ’ ဆိုတာကို အမြဲလက်ကိုင်ထားဖို့လည်း တိုက်တွန်းပြောကြားသွားပါသေးတယ်။ သဒ္ဓါလို့ခေါ်တဲ့ ယုံကြည်မှု၊ ဝီရိယလို့ခေါ်တဲ့ အားထုတ်မှု၊ သမာဓိလို့ခေါ်တဲ့ စိတ်တည်ငြိမ်မှု၊ ပညာလို့ခေါ်တဲ့ အသိဉာဏ်ရှိမှု၊ သတိလို့ခေါ်တဲ့ မမေ့မလျော့အမှတ်ရမှု ဆိုတဲ့ တရားငါးပါးထဲမှာ သတိတရားဟာ ပိုတယ်မရှိပါဘူး။ ပညာလုံလောက်စွာမပါတဲ့ သဒ္ဓါအားကြီးမှုဟာ မျက်ကန်းယုံကြည်မှုမျိုးဖြစ်စေပါတယ်။ လုံလောက်တဲ့ သဒ္ဓါမပါတဲ့ ပညာအားကြီးမှုဟာ မလိုလားအပ်သော ဉာဏ်နီဉာဏ်နက်များမှုမျိ