Posts

ဆရာကြီး ဦးမြကြိုင်၏ တရားပြသင်ခန်းစာများ 📚 ☸️ 🙏

Image
 Meditation Group Sitting YouTube Playlist | Saya Gyi U Mya Kyaing ဆရာကြီး ဦးမြကြိုင်၏ တရားပြသင်ခန်းစာများ 📚 ☸️ 🙏 “ပညာ / ဥစ္စာ / တရားတခုခုမှ မရှိပဲ သင်အိုလျှင် ဒုက္ခပင်လယ်ဝေလိမ့်မည်” * ပညာ မရှာခင် တရားရှာ * ဥစ္စာ မရှာခင် တရားရှာ * သင့်ဘဝပြဿနာ အဝဝကို ဖြေရှင်းရန် ဝိပဿနာ ရှုပွားဘို့လိုသည်။ “သင့်ဘဝအတွက် ဆရာ (၂) ပါး” ၁။ လောကီ ဆရာ ၂။ လောကုတ္တရာ ဆရာ “ငယ်ရွယ်သူအတွက် အိမ် (၃) အိမ်” ၁။ မိမိနေတဲ့အိမ် ၂။ ကျောင်း ၃။ တရားရိပ်သာ “ကြီးသူအတွက် အိမ် (၃) အိမ်” ၁။ မိမိနေတဲ့အိမ် ၂။ အလုပ် ၃။ တရားရိပ်သာ “ရုပ်နှင့်နာမ် ကိုခွဲ၍ ကြောင်းကျိုးဆက်ကို အမြဲဆင်ခြင်နေပါ” “သဒိသံ ပါကံ ဇနေတိ” ကံဟူသည် တူသော အကျိုးကို ပေးသည်။ * အစားမစားလျှင် ရုပ်ခန္ဓာသေမည် * စာမဖတ်လျှင် အတွေးအခေါ်သေမည် * အတွေးအခေါ်သေလျှင် တိရိစ္ဆာန်နှင့် ခြားနားမည် မဟုတ် “လောကီ | လောကုတ် ကျရှုံးခြင်း တရား” နီဝရဏတရား (၅) ပါး ၁။ ကာမစ္ဆန္ဒ ၂။ ဗျာပါဒ ၃။ ထိနမိဒ္ဓ  ၄။ ဥဒ္ဓစ္စကုက္ကုစ္စ ၅။ ဝိစိကိစ္ဆာ “လောကီ | လောကုတ် အောင်မြင်ခြင်း တရား” ဗိုလ် (၅) ပါး ၁။ သဒ္ဓါဗိုလ် ၂။ ဝီရိယဗိုလ်  ၃။ သတိဗိုလ်  ၄။ သမာဓိဗိုလ်  ၅။ ပညာဗိုလ်  Meditation Gr...

Daw Aung San Suu Kyi | Mindfulness

Image
၁၉၈၉ခုနှစ် ကျွန်မနေအိမ်မှာ အကျဉ်းချခြင်းမခံရမီ ဆရာတော်ဦးပဏ္ဍိတကို ဖူးတွေ့ခွင့်ရခဲ့ပါတယ်။ ဆရာတော်က သမ္မာဝါစာလို့ ခေါ်တဲ့ မှန်တဲ့စကားကို ပြောဆိုခြင်းဟာ ဘယ်လောက်ထိအရေးပါတယ်ဆိုတာကို ဟောကြားဆုံးမခဲ့ပါတယ်။ လူတစ်ယောက်အနေနဲ့ မှန်သောစကားကို ပြောရုံတင်မက သူပြောတဲ့စကားဟာ သတ္တဝါအချင်းချင်း သင့်မြတ်ညီညွတ်မှုကိုဖြစ်စေရမယ်၊ နူးညံ့သိမ်မွေ့မှုရှိရမယ်၊ အကျိုးရှိရမယ်လို့လည်း ဟောကြားခဲ့ပါတယ်။ လူသားတစ်ဦးအနေနဲ့ မှန်လည်းမှန်တယ်၊ အများအကျိုးလည်းရှိတယ်ဆိုရင် ကြားရတဲ့သူအဖို့ မနှစ်သက်တောင်မှ ဒီလိုစကားမျိုးကိုသာ ပြောဆိုခဲ့တဲ့ ဗုဒ္ဓရဲ့ စံနမူနာကို အတုယူသင့်တယ်လို့ ဆိုပါတယ်။ ဆရာတော်က ကျွန်မကို ‘သတိ’ ဆိုတာကို အမြဲလက်ကိုင်ထားဖို့လည်း တိုက်တွန်းပြောကြားသွားပါသေးတယ်။ သဒ္ဓါလို့ခေါ်တဲ့ ယုံကြည်မှု၊ ဝီရိယလို့ခေါ်တဲ့ အားထုတ်မှု၊ သမာဓိလို့ခေါ်တဲ့ စိတ်တည်ငြိမ်မှု၊ ပညာလို့ခေါ်တဲ့ အသိဉာဏ်ရှိမှု၊ သတိလို့ခေါ်တဲ့ မမေ့မလျော့အမှတ်ရမှု ဆိုတဲ့ တရားငါးပါးထဲမှာ သတိတရားဟာ ပိုတယ်မရှိပါဘူး။ ပညာလုံလောက်စွာမပါတဲ့ သဒ္ဓါအားကြီးမှုဟာ မျက်ကန်းယုံကြည်မှုမျိုးဖြစ်စေပါတယ်။ လုံလောက်တဲ့ သဒ္ဓါမပါတဲ့ ပညာအားကြီးမှုဟာ မလိုလားအပ်သော ဉာဏ်နီဉာဏ်နက်များမှုမျိ...

Success

Image
 ကိုယ်စိတ်နှစ်ပါး ချမ်းသာခြင်း Success 1. The Master Mind     စိတ်တူကိုယ်တူ စုဖွဲ့ခြင်း 2. The Importance of A Definite Aim     ရည်မှန်းချက် တိကျခြင်း 3. Self-Confidence     ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိခြင်း 4. The Habit of Saving     စုဆောင်းသည့် အလေ့အကျင့်ရှိခြင်း 5. Initiative and Leadership     ကြိုတင်မြှော်တွေးမှုနှင့် ခေါင်းဆောင်မှု 6. Imagination     စိတ်ကူးစိတ်သန်း ကောင်းမှု 7. Enthusiasm     စိတ်အားတက်ကြွမှု 8. Self-Control     ကိုယ့်ကိုယ်ကို ထိမ်းသိမ်းနိုင်မှု 9. The Habit of Doing More Than Paid For      အပိုဆောင်း ဆောင်ရွက်တတ်မှု 10. The Personality of Success       ကိုယ်ရည်ကိုယ်သွေး ကောင်းမှု 11. Accurate Thinking       တိကျသော တွေးခေါ်မှု 12. Concentration       အာရုံစူးစိုက်မှု 13. Cooperation       ပူးပေါင်းဆောင်ရွက်မှု 14. Profiting by Failure       အရှုံးကို အကျိုးရှိစွာ အသုံးချမှု 15. Tolerance ...

ဝေရယ်ကိုယ်ရယ်ကမ္ဘာကြီးရယ် (ကဗျာ) By ညိုမင်းခက်

Image
ဝေရယ်ကိုယ်ရယ်ကမ္ဘာကြီးရယ် (ကဗျာ) By ညိုမင်းခက် တယ်လီဖုန်းကြိုးတွေကို ဖြတ်သန်း နေ့တွေညတွေကို ဖြတ်သန်း အဝေးပြေးလမ်းတွေကိုဖြတ်သန်း မင်းရောက်လာတဲ့အခါ အချိန်ပျားရည်လေးတစ်စက် ကိုယ့်လက်ဖဝါးမှာ မတော်တဆပြုတ်ကျလာတယ် သောက်နေတဲ့လိမ္မော်ရည်ထဲ မင်းနှုတ်ခမ်းတွေ နစ်ဝင်သွားတဲ့အခါ မင်းနှုတ်ခမ်းပေါ်ကလိမ္မော်ရည်ဟာ ပိုချိုတယ်သက်သေပြဖို့ မျက်လုံးလေးခဏမှိတ် နီးကပ်နေပေမယ့် ကိုယ့်မှာအရည်ပျော်ခွင့်မရှိလို့ အစိုင်အခဲအဖြစ်ပဲ ပူလောင်နေရပါတယ် အချစ်ဟာအမောလား ပြီးရင်အလွမ်း လာဦးမယ် ကိုယ်နမ်းပြီးပြီပဲ ဟုတ်တယ် နမ်းပြီးပြီ ဟုတ်တယ် တော်ပြီပေါ့ ဟုတ်တယ် ငါ့သွေးသားတောင့်တမှုဟာ မင်းအနမ်းတစ်ခုတည်းနဲ့နှစ်သိမ့်လို့ရပေမယ့် ငါ့အလွမ်းတွေကိုတော့ မင်းဘာနဲ့မှ နှစ်သိမ့်လို့မရနိုင်ဘူး ဒီနေ့လည်း အပြင်းအထန်သတိရမိပြန်ပြီ မင်းဓာတ်ပုံလေးသက်ဝင်လှုပ်ရှားလာတဲ့အထိ စိုက်ကြည့်နေမိတယ် မင်းလွင့်ထွက်သွားပြီဆိုကတည်းက ဒီမှာပန်းတွေမပွင့်တော့ဘူး ၀ါးနေတဲ့ပီကေလေးလည်း အချိုရည်မကျန်တော့ဘူး နေထွက်ချိန်ဟာသိပ်နောက်ကျပြီး နေဝင်ချိန်ဟာစောလွန်းလို့ နွေးထွေးမှုကို ငါတို့မရလိုက်ဘူး အချစ်ရဲ့နူးညံ့မှုကို ငါတို့စူးစမ်းမှုမပြုလိုက်ရဘူး မြို့ကြီးရဲ့လမ်းတွေပေါ် ငါတို့ဆိုင...

My New Bae 😍💻 MacBook Pro M1

Image

ဘိလပ်ပြန်သန်း | Bilat Pyan Than - Greatest Hits Song

Image
ဒေါ်သန်းအေး (ဘိလပ်ပြန် သန်း) သည် လူသိများသည့် အဆိုတော် ဖြစ်ပြီး၊ ကုလသမဂ္ဂ၌ (၂၅) နှစ်ကြာ ပထမဆုံး အမှုထမ်းသော မြန်မာအမျိုးသမီးလည်း ဖြစ်သည်။ ၂၀ရာစု နှစ်ဆန်းပိုင်းကာလတွင် ဘိလပ်ပြန်သန်း အဖြစ် နာမည်ကြီး အဆိုတော်တစ်ဦးဖြစ်ခဲ့ပြီး၊ လူမှုဝန်ထမ်းတစ်ဦးအနေဖြင့်လည်း ကုလသမဂ္ဂတွင် အချိန်ကြာမြင့်စွာ တာဝန်ထမ်းဆောင်ခဲ့သူလည်းဖြစ်သည်။ သူသည် ဩစတြီးယားလူမျိုးဖြစ်သည့် မှတ်တမ်းရုပ်ရှင်ရိုက်ကူးသူ ဝါနာဖန်းနှင့် အိမ်ထောင်ကျခဲ့ပြီး၊ အောင်ဆန်းစုကြည်နှင့် လွန်စွာရင်းနှီးသူလည်းဖြစ်၊ 'စု' မိဘများ၏ မိသားစုသူငယ်ချင်း ဖြစ်သည့်အပြင် ဒေါ်အောင်ဆန်းစုကြည်အား နယူးယောက်သို့ ပြောင်းရွှေ့နေထိုင်ကာ ကုလသမဂ္ဂတွင် အလုပ်လုပ်ကိုင်စေလိုသူလည်းဖြစ်သည်။ သန်းအေးသည် နှစ်ခြင်းခရစ်ယာန် မိသားစု၌ မွေးဖွားခဲ့ပြီး ရန်ကုန်တက္ကသိုလ်တွင် ပညာဆည်းပူးခဲ့ကာ ဆရာအတတ်သင်ကောလိပ်တွင် တက်ရောက်ခဲ့သည်။ဒုတိယ ကမ္ဘာစစ်တွင် ဂျပန်များ မြန်မာနိုင်သို့ ဝင်ရောက်သိမ်းပိုက်ချိန်၌ ဒေါ်သန်းအေးသည် အိန္ဒိယသို့ တိမ်းရှောင်နေထိုင်ခဲ့ပြီး၊ အားလုံးအတွက် အိန္ဒိယရေဒီယို (All India Radio, AIR) မြန်မာပိုင်းဌာနတွင် အလုပ်လုပ်ကိုင်ခဲ့၍ ကျန်ရှိသည့် သူ့၏ဘဝကို ပြည်ပနိုင်ငံများတွင်...

🏡One day it will be cool and we can get back home. And we will pet the dog.🐕

Image
 🏡One day it will be cool and we can get back home. And we will pet the dog.🐕 * တနေ့နေ့အေးဆေးဖြစ်သွားတဲ့အခါ အိမ်ပြန်မယ်။ ခွေးလေးမွေးကြမယ်။ ကလေးလေးတွေက သိပ်ဖြူစင်တယ်၊ သိပ်ချစ်ဖို့ကောင်းတယ် ❤  တစ်ခါတစ်လေ သူတို့လေးတွေရဲ့ ချစ်စရာ စိတ်ကူးစိတ်သန်း/စကားလုံးလေးတွေ ကို ဖော်ပြချင်တဲ့ အခါ ဟန်ပန်အမူအရာလေးတွေနဲ့ ဖော်ပြသလို၊ ခုလို စာလေးတွေ ရေး/ ပန်းချီးကားလေးတွေ ဆွဲပြီးလည်း ပြောပြတတ်ကြတယ်။ *ကလေးတွေ ပူပင်သောက ကင်းစွာနေနိုင်ဖို့၊ ဘေးကင်းစွာ နေနိုင်ဖို့၊ အာဟာရပြည့်ဝဖို့၊ ပညာကောင်းစွာ သင်နိုင်ဖို့၊ သူတို့လေးတွေရဲ့ အနာဂတ် လှပဖို့၊ အခြေအနေကောင်းလေးတွေ ဖန်တီးပေးဖို့ အတွက် လူငယ်/လူကြီးတိုင်းမှာ တာဝန်ရှိတယ်။ ဒီတာဝန်ကို မဖြစ်မနေကျေပွန်ဖို့ လိုအပ်တယ်။ "ဟိတ သုခ" တဲ့ ဟိတ ဆိုတဲ့ အခြေအနေကောင်းလေးတွေရှိမှ၊ သုခ ဆိုတဲ့ ချမ်းသာခြင်းကို ရရှိမှာ ဖြစ်တယ်။ ဒီတော်လှန်ရေးကာလမှာ အစစအရာရာ မလွယ်ကူတာ ကျတော်သိပါတယ် ဒါပေမယ့် 'မလွယ်တာ သိလည်း မဖြစ်နိုင်တဲ့ ကိစ္စ မဟုတ်တဲ့ အတွက်' ကျတော်တို့ အားလုံး ဝိုင်းဝန်းကြိုးစားရင် ဖြစ်နိုင်ပါတယ် ခင်ဗျာ..... 🤍ကလေးတို့ ဆန္ဒတွေအမြန်ဆုံးပြည့်ဝပြီး ကျန်းမာ၊ပျော်ရွှင်ကြပါစေ🙏 Thu...